
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျားအားလုံး မင်္ဂလာပါကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။စီမံကိန်းရေးဆွဲအကောင်အထည်ဖော်မှုကို ဦးစွာအကျဉ်းချုပ်တင်ပြမှာ ဖြစ်ပါတယ်။
၁။ ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့် တပ်မတော် (ကြည်း၊ရေ၊လေ) တပ်ဖွဲ့များကို (Standard Army, Standard Navy, Standard Air Force) ဖြစ်လာစေရန်အတွက်-
(၁) အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရန်။
(၂) ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်။
(၃) နိုင်ငံတော်၏ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရေးတွင် ပြည်သူတစ်ရပ်လုံးက တပ်မတော်ကို မဏ္ဍိုင်ပြု၍ နိုင်ငံတော်တည်ဆောက်ရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်သွားစေရန်။
စသည့် ရည်မှန်းချက်များအပေါ်အခြေခံ၍ နှစ်ရှည်စီမံကိန်းများကို ရေးဆွဲထားပါတယ်။
၂။ အထက်ပါရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအပေါ် အခြေခံပြီး ဘတ်ဂျက်ရေးဆွဲ ဆောင်ရွက်ရာတွင် တပ်မတော်၏ သဘောသဘာဝအရ လူ / လက်နက် / ပစ္စည်းဖွဲ့စည်းပုံနှင့် ပေးအပ်လာတဲ့တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန်အတွက် မျှော်မှန်းပြီး ဦးစွာရေးဆွဲ ပြဋ္ဌာန်းထားပါတယ်။ ယင်း လူ/လက်နက်/ပစ္စည်း ဖွဲ့စည်းပုံပေါ်အခြေခံပြီး အဆင့်လိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံရေးအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေတို့ကို ချင့်ချိန်၍ ခန့်အပ်မည့် လူ၊ လိုအပ်သော လက်နက်၊ ပစ္စည်း၊ ဆက်စပ်အဆောက်အဦများ၊ ဆက်စပ် လုပ်ငန်းများ၊ စက်လက်နက်ပစ္စည်းများကို ရေးဆွဲပါတယ်။ ဒါကြောင့် ခန့်အပ်ရမည့်လူ၊ ယင်းအတွက် လိုအပ်သော လက်နက်ပစ္စည်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စီမံကိန်းပါ ဆက်စပ်အဆောက်အဦများ၊ စစ်လက်နက်ပစ္စည်းများကို နှစ်အလိုက် ထည့်သွင်း၍ ရေးဆွဲ တင်ပြလျက်ရှိပါတယ်။
၃။ သို့ဖြစ်ပါ၍ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေ တည်တံ့ ခိုင်မြဲရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် ရေးဆွဲထားသော လူ၊ လက်နက်၊ ပစ္စည်းဖွဲ့စည်းပုံ ပင်မစီမံကိန်းကို နှစ်အလိုက် အခြေအနေများအလိုက် အကောင်အထည်ဖော်မည့် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။
၄။ ဆက်လက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ရ-သုံး ခန့်မှန်းခြေ ငွေစာရင်းကို အကျဉ်းချုပ် ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။
၅။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း မှာ တင်ပြပါအတိုင်း ဖြစ်ပါတယ် -
( က ) သာမန်ရငွေနှင့် အသုံးစရိတ်စာရင်း
( ၁ ) သာမန်ရငွေ ၇၃.၁၁၁ ဘီလီယံ
( ၂ ) သာမန်အသုံးစရိတ် ၁,၆၅၄.၃၃၀ ဘီလီယံ ( ခ ) ငွေလုံးငွေရင်း ရငွေနှင့် အသုံးစရိတ်
( ၁ ) ငွေလုံးငွေရင်းရငွေ -
( ၂ ) ငွေလုံးငွေရင်းအသုံးစရိတ် ၁,၂၅၀.၈၆၅ ဘီလီယံ ( ဂ ) ရငွေ/သုံးငွေ စုစုပေါင်း
( ၁ ) ရငွေပေါင်း ၇၃.၁၁၁ ဘီလီယံ
( ၂ ) သုံးငွေပေါင်း ၂,၉၀၅.၁၉၅ ဘီလီယံ
၆။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်စာရင်းများကို တင်ပြသွားမှာ ဖြစ်ပါတယ်။ သာမန်အသုံးစရိတ် စုစုပေါင်း ၁,၆၅၄.၃၃၀ ဘီလီယံ လျာထား ထားပါတယ်။ ခေါင်းစဉ်အလိုက် အသုံးစရိတ်များမှာ -
( က ) လစာနှင့်စရိတ်များ ၇၄၄.၁၅၅ ဘီလီယံ
( ခ ) ပစ္စည်းများ ၄၃၂.၄၆၆ ဘီလီယံ
( ဂ ) ပို့ဆောင်ရေး ၁၆.၄၆၆ ဘီလီယံ
( ဃ ) အင်ဂျင်နီယာ ၈၀.၀၇၀ ဘီလီယံ
( င ) အထွေထွေ ၁၇၈.၁၄၉ ဘီလီယံ
( စ ) စစ်ဆင်ရေး ၄.၂၁၃ ဘီလီယံ
( ဆ ) စက်ရုံအလုပ်ရုံများ ၁၉၄.၁၃၁ ဘီလီယံ
( ဇ ) အတိုး ၄.၆၈၀ ဘီလီယံ
( ဈ ) သာမန်အသုံးစရိတ် စုစုပေါင်း ၁,၆၅၄.၃၃၀ ဘီလီယံ
၇။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် စာရင်းကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်း ၁,၂၅၀.၈၆၅ ဘီလီယံ လျာထားပြီး ခေါင်းစဉ်အလိုက် ငွေလုံးငွေရင်း အသုံးစရိတ်များမှာ -
( က ) ဆောက်လုပ်ရေး အသုံးစရိတ် ၂၄၅.၃၃၁ ဘီလီယံ
( ခ ) စက်ပစ္စည်း အသုံးစရိတ် ၁,၀၀၄.၅၃၄ ဘီလီယံ
( ဂ ) အခြား အသုံးစရိတ် ၁.၀၀၀ ဘီလီယံ
( ဃ ) ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်း ၁,၂၅၀.၈၆၅ ဘီလီယံ။၂၀၁၆ - ၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်ထက် ငွေလုံးငွေရင်းအသုံးစရိတ်(၈၆.၅၃၃ ဘီလီယံ) လျော့နည်းတောင်းခံထားပါကြောင်း တင်ပြအပ်ပါတယ်။
၈။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးနှစ်အလိုက် ရငွေစာရင်း (၃)နှစ်စာ နှိုင်းယှဉ်ချက်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။
၉။ တင်ပြပါဇယားအရ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်အတွက် သာမန်ရငွေ စုစုပေါင်း ၇၃.၁၁၁ ဘီလီယံ ဖြစ်ပါတယ်။ ယခင်ဘဏ္ဍာရေးနှစ်များထက် ရငွေလျော့နည်းသွားရတာကတော့ လေယာဉ်/ ရဟတ်ယာဉ် ငှားရမ်းခများ လျော့နည်းရရှိခြင်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံများမှ လျော့နည်းရရှိခြင်း၊ တပ်မတော်ဖိနပ်စက်ရုံမှ လျော့နည်းရရှိခြင်းနှင့် ဆက်သွယ်ရေး E-1 Channel ငှားရမ်းခများ လျော့နည်းရရှိခြင်းတို့ကြောင့် ဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်။
၁၀။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးနှစ်အလိုက် အရ အသုံး (၃)နှစ်စာ နှိုင်းယှဉ်ချက်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။
၁၁။ တင်ပြပါဇယားအရ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ တောင်းခံမှုဟာ ယခင်(၂)နှစ်ထက် လျော့နည်းနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
၁၂။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်ထက် သာမန်အသုံးစရိတ် (၁.၁၆၅ ဘီလီယံ) တိုးမြှင့် တောင်းခံထားပါကြောင်း တင်ပြအပ်ပါတယ်။
၁၃။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်ထက် ငွေလုံးငွေရင်းအသုံးစရိတ် (၈၆.၅၃၃ ဘီလီယံ) လျော့နည်းတောင်းခံထားပါကြောင်း တင်ပြအပ်ပါတယ်။
၁၄။ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုဘတ်ဂျက်တွင်ပါဝင်သော ကာကွယ်ရေးဝန်ကြီး ဌာန အသုံးစရိတ်များအခြေအနေကိုလည်း သိရှိနိုင်ပါရန် တင်ပြအပ်ပါတယ်-
( က ) ၂၀၁၁-၂၀၁၂ (အမှန်အသုံး) - ၁၄.၆၂ %
( ခ ) ၂၀၁၂-၂၀၁၃ (အမှန်အသုံး) - ၁၄.၀၈ %
( ဂ ) ၂၀၁၃-၂၀၁၄ (အမှန်အသုံး) - ၁၃.၂၇ %
( ဃ ) ၂၀၁၄-၂၀၁၅ (အမှန်အသုံး) - ၁၂.၇၁ %
( င ) ၂၀၁၅-၂၀၁၆ (ရှေ့ပြေးအမှန်) - ၁၃.၆၄ %
( စ ) ၂၀၁၆-၂၀၁၇ (ပြုပြင်ပြီးခန့်မှန်းခြေ) - ၁၄.၃၁ %
၁၅။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။