၂။ အမှတ်(၂၀)ကာကွယ်ရေးပစ္စည်းစက်ရုံ၏ တပ်ပိုင်မြေအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၃ - ၁၂ - ၂၀၀၈ ရက်စွဲပါ စာအမှတ်၊ ၃၀၀/၁-၅/ဦး ၁ ဖြင့် လည်းကောင်း၊ ၂၄ - ၈ - ၂၀၀၉ ရက်စွဲပါ စာအမှတ်၊ ၃၀၀/၂-၅/ ဦး ၁ ဖြင့် လည်းကောင်း၊ ၁၈ - ၁၀ - ၂၀၁၀ ရက်စွဲပါ စာအမှတ်၊ ၃၀၀/၁-၅/ ဦး ၁ ဖြင့် လည်းကောင်း၊ ၂၀ - ၁၀ - ၂၀၁၀ ရက်စွဲပါ စာအမှတ်၊ ၃၀၀/၁-၄/ ဦး ၁ ဖြင့် လည်းကောင်း တပ်မြေသိမ်းဆည်းရေးအမိန့်များ ရရှိပြီးဖြစ်ကြောင်းနှင့် တပ်ပိုင်မြေ သိမ်းဆည်းရာတွင်ပါဝင်သော ဦးပိုင်ပေါက် မြေ ၂၃၀.၄၁ ဧက အတွက် မြေလျော်ကြေး ငွေများအား သက်ဆိုင်ရာတောင်သူများသို့ လက်ရောက် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
၃။ လွှတ်တော်ကိုယ်စားလှယ်တင်ပြသော မြေနေရာသည် ကာကွယ်ရေးဝန်ကြီးဌာန ပိုင်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့် ထုတ်ပြန်သိမ်းဆည်းခဲ့သော ကြိုးပြင်တော အတွင်းရှိ မြေ ၄၇ ဧက နေရာဖြစ်ပြီး ကြိုးပြင်တောအတွင်း ကျူးကျော်နေသော ကံကျေးရွာ (ဒေသအခေါ်)ဖြစ်ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်တမ်းမဝင်သော ကျေးရွာ (ရွာကျူး)ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
၄။ တပ်ပိုင်မြေ သိမ်းဆည်းရာတွင် တပ်ပိုင်မြေနှင့်လွတ်ကင်းမှုမရှိသော ကံကျေးရွာ (ရွာကျူး)မြေနေရာအား ၂၂ - ၅ - ၂၀၀၇ ရက်တွင် စေတုတ္တရာမြို့နယ် အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ ပါဝင်သောအဖွဲ့ဖြင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်၍ မထိမ်းကျေးရွာ နှင့် ခိုဝင်ကျေးရွာ အကြားရှိ ဂုံညှင်းချောင်ဒေသ(ကျောက်ခမောက် ဘုန်းတော်ကြီး ကျောင်းအနီးသို့) စနစ်တကျ ပြောင်းရွှေ့နေရာချထားပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် စတင်ပြောင်းရွှေ့ နေရာချထားပေးသည့် အချိန်တွင်သာ နေထိုင်သူများ ရှိခဲ့ပြီး ယခုအချိန်တွင် အဆိုပါ မြေနေရာ၌ နေထိုင်ခြင်းမရှိဘဲ မထိမ်း/ခိုဝင်/ရွာသစ်/ လယ်ပြင်စု စသည့် ကျေးရွာများတွင် နေထိုင်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။
၅။ သို့ဖြစ်ပါ၍ စေတုတ္တရာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်၏ ကြယ်ပွင့်ပြမေးခွန်းပါ မြေနေရာနှင့်စပ်လျဉ်း၍ စိစစ်ချက် အရ အဆိုပါမြေနေရာသည် သစ်တောရေးရာဝန်ကြီးဌာနမှ ပယ်ဖျက်ပြီး သစ်တောမြေ၊ ကြိုးပြင်တောတို့အား မြေသိမ်းအက်ဥပဒေများနှင့်အညီ တရားဝင် လွှဲပြောင်းရယူ သိမ်းဆည်းခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့်များ ရရှိပြီးသော တပ်ပိုင်မြေ ဖြစ်ခြင်း၊ တပ်မြေ သိမ်းဆည်းရာတွင် ပါဝင်သော ဦးပိုင်ပေါက်မြေများ အတွက်လည်း လျော်ကြေးငွေများ ပေးလျော်ခဲ့ပြီးဖြစ်ခြင်း၊ ကြယ်ပွင့်ပြမေးခွန်းပါ မြေနေရာသည် ကြိုးပြင်တော ဧရိယာအတွင်း ပြည်ထဲရေး ဝန်ကြီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသော ကံကျေးရွာဟောင်း (ရွာကျူး) နေရာဖြစ်၍ တပ်ပိုင်မြေဧရိယာနှင့် လွတ်ကင်းသည့် မြေနေရာသို့ စနစ်တကျ ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီးဖြစ်ခြင်းတို့ကြောင့် နစ်နာကြေး၊ လျော်ကြေး၊ အစားထိုးမြေယာများ ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်းနှင့် သိမ်းဆည်းစဉ်က နှစ်ရှည်သီးနှံစိုက်ခင်းစာရင်းများ တင်ပြခဲ့မှု မရှိခြင်းတို့ကြောင့် နှစ်ရှည်သီးနှံ စိုက်ခင်းများအတွက် လျော်ကြေးငွေများ ထပ်မံပေးလျော်နိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
၆။ အားလုံးကို ကျေးဇူးတင်ပါတယ်။
