၂။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေဧရိယာ ၄၇.၉၅ ဧကမှာ အမှတ်(၃၇၇)အမြောက်တပ်ရင်းအဖြစ် စတင်သိမ်းဆည်းရန်လျာထားသည့် မြေ ၃၄၈.၇၉ ဧကအတွင်းပါဝင်ခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်စွဲပါ စာအမှတ်၊ ၃၀၀ / ၂-၅ / ဦး ၁ ဖြင့် အမှန်တကယ် အသုံးပြုရန် သိမ်းဆည်းရေးဆောင်ရွက်ရာ၌ ၎င်းမြေဧရိယာ ၄၇.၉၅ဧကအား ချန်လှပ်၍ အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေလွတ်မြေရိုင်းဧရိယာ ၃၀၀.၈၄ ဧကကိုသာ သိမ်းဆည်းရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
၃။ အဆိုပါ မြေ ၄၇.၉၅ ဧကမှာ တပ်ပိုင်မြေ နှင့် နယ်နိမိတ်ထိစပ်လျက် ရှိသော်လည်း တပ်ပိုင်မြေအတွင်း ပါဝင်ခြင်းမရှိကြောင်းကို ဒေသခံတောင်သူများအား ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ကွင်းဆင်းစစ်ဆေးစဉ် ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။လက်ရှိတွင်လည်း ဒေသခံတောင်သူများကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက် လျက်ရှိသော မြေနေရာများဖြစ်ပြီး တပ်ရင်းမှ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။
၄။ အားလုံးကို ကျေးဇူးတင်ပါတယ်။
