၂။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းတွင်ပါရှိသော မြေနေရာသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ ကွင်းအမှတ်( ၂၀၁ ၊ ၂၀၂ )ကွမ်းခြံကွင်းရှိ မြေ (၃၅.၅၃) ဧကဖြစ်ပြီး တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ( ၉ ) ရက်စွဲပါ စာအမှတ်၊ ၂၀၀/၂-၄/ဦး၁ ဖြင့် မြေဧရိယာ( ၃၀.၆၅ ) ဧကအား လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ် ၊ သြဂုတ်လ( ၉ ) ရက်စွဲပါ စာအမှတ်၊ ၂၀၀/၂-၅ / ဦး၁ဖြင့် မြေဧရိယာ( ၄.၈၈ ) ဧကအားလည်းကောင်း၊ မြေပေးအမိန့်များ အသီးသီးရရှိခဲ့ပြီး ဖြစ်ပါတယ်။
၃။ မြေသိမ်းဆည်းခဲ့စဉ် ဦးပိုင်ပေါက် တောင်သူများအတွက် မြေလျော်ကြေးငွေများနှင့် ကွင်းအမှတ်(၂၀၁)ရှိ မြေ (၈.၄၅) ဧကတွင် ( ၆၀ x ၄၀ )ပေ အိမ်ခြံမြေကွက်များအား အစားထိုးချမှတ်ပေးခဲ့သော်လည်း တောင်သူ( ၃၇ ) ဦးတို့မှ လျော်ကြေးငွေနှင့် နေအိမ် ခြံမြေကွက်များထုတ်ယူခဲ့ပြီး ကျန်တောင်သူ( ၂၉ )ဦးတို့အနေဖြင့် ထုတ်ယူခြင်းမရှိသဖြင့် အဆိုပါလျော်ကြေးငွေများအား မြန်မာ့စီးပွားရေးဘဏ်သို့ ပြန်လည်အပ်နှံပေးခဲ့ပြီး ဖြစ်ပါတယ်။
၄။ အဆိုပါမြေ ( ၃၅.၅၃ ) ဧကအား ၂၀၀၇ ခုနှစ်၊ သြဂုတ်လ( ၈ ) ရက်တွင် ကျင်းပ ပြုလုပ်သော ကုန်သွယ်မှုမူဝါဒကောင်စီ၏ (၂၅/၂၀၀၇)ကြိမ်မြောက် အစည်းအဝေးမှ အောက်ဖော်ပြပါကုမ္ပဏီများသို့ ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ရန် မြေနေရာ ငှားရမ်း ခွင့်ပြုပေးခဲ့ပြီး ငှားရမ်းခရရှိငွေများအား နိုင်ငံတော်ဘဏ္ဍာသို့ ၂၀၀၇ ခုနှစ်မှစတင်၍ ပေးသွင်းလျက်ရှိပါတယ်-
( က ) မင်းဇာနည်ကုမ္ပဏီ မြေ ၆.၆၁ ဧက။
( ခ ) ဧဒင်အုပ်စုကုမ္ပဏီ မြေ ၆.၆၁ ဧက။
( ဂ ) ဖော်ကျွန်းကုမ္ပဏီ မြေ ၅.၆၅ ဧက။
( ဃ) မိုင်နာမြန်မာကုမ္ပဏီ မြေ ၁၁.၃၀ ဧက။
( င ) အမေးဇင်းကုမ္ပဏီ မြေ ၄.၄၃ ဧက။
( စ ) ကုမ္ပဏီကြားရှိလမ်းမြေ မြေ ၀.၅၅ ဧက။
( ဆ) အများပြည်သူအသုံးပြုရန်ချန်ထား မြေ ၀.၃၈ ဧက။
(ဇ ) စုစုပေါင်း မြေ ၃၅.၅၃ ဧက။
၅။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေ( ၃၅.၅၃ )ဧကအား သိမ်းဆည်း ခဲ့ရာတွင် ဦးပိုင်ပေါက် တောင်သူများအတွက် လျော်ကြေးငွေများနှင့် အစားထိုး မြေကွက်များ ပြန်လည်ပေးအပ်ခဲ့သော်လည်း တောင်သူ( ၃၇ )ဦးသာ ထုတ်ယူခဲ့ပြီး ကျန်တောင်သူ( ၂၉ )ဦးမှာ လာရောက်ထုတ်ယူခဲ့ခြင်း မရှိသဖြင့် နိုင်ငံတော်ဘဏ္ဍာအဖြစ် ပြန်လည် ပေးသွင်းခဲ့သည်မှာ( ၁၀ )နှစ်ခန့် ကြာမြင့်ပြီ ဖြစ်ခြင်းကြောင့် လျော်ကြေးငွေများ ထပ်မံပေးလျော်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။
၆။ အားလုံးကို ကျေးဇူးတင်ပါတယ်။
