၂။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းတုံမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန် မြို့နယ်တို့ကိုဆက်သွယ်ထားသော မိုင်းတုံ-မိုင်းပန်လမ်း၏ မိုင်းတုံမြို့နယ်အပိုင်းဖြစ်သော တာဆန်း-မိုင်းတုံလမ်းပိုင်းသည် (၃၁)မိုင်(၇)ဖာလုံရှည်လျားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းပိုင်းဖြစ်ပါတယ်။ ကတ္တရာလမ်း(၆)မိုင် (၂.၅)ဖာလုံ၊ အမာခံလမ်း (၂၅)မိုင် (၄.၅)ဖာလုံဖြစ်ပြီး လက်ရှိ လမ်းအခြေအနေမှာ တာဆန်းမှ မိုင်းတုံသို့ သွားလာရာတွင် ယာဉ်မောင်းနှင်ရန် ကြာမြင့်ချိန်မှာ မိုးတွင်းကာလတွင် (၂)နာရီခန့်၊ နွေရာသီတွင် (၁)နာရီ (၄၅)မိနစ်ခန့်ဖြစ်၍ လွယ်ကူစွာ သွားလာနိုင်ကြောင်း တွေ့ရှိရပါတယ်။
၃။ မိုင်းတုံနှင့်မိုင်းပန်ဆက်သွယ်ရေးလမ်း၏ အဓိကနေရာမှာ သံလွင်မြစ်ကူးတာဆန်း ကြိုးတံတားဖြစ်ပြီး အရှည်(၉၀၀)ပေရှိရာ တံတားတစ်စုံတစ်ရာ ပျက်စီးမှုမရှိရေးသည် အဓိကအကျဆုံး လုံခြုံရေးဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါတယ်။ အဓိက တံတားကြီး ဖြစ်သည်နှင့်အညီ ဆက်သွယ်မှုလမ်းကြောင်း ပြတ်တောက်မှု မရှိစေရေး၊ လုံခြုံမှုရှိစေရေးနှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်မှု မရှိစေရေးတို့အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲတို့ပူးပေါင်း၍ လုံခြုံရေးကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ တံတားပေါ်မှ ဖြတ်သန်းမည့် မူးယစ်ဆေးဝါးများအား အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ပါတယ်။
( က ) ၂၀၁၄ ခုနှစ်တွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်း၊ ကာလတန်ဖိုး ကျပ် သန်းကိုးထောင်ခန့်။
( ခ ) ၂၀၁၅ ခုနှစ်၊ မတ်လတွင် ဘိန်းစိမ်း (၁)ကီလိုဂရမ် (၂)ထုပ်၊ (၁.၅)ကီလိုဂရမ် (၁၅)ထုပ်၊ (၂)ကီလိုဂရမ် (၁)ထုပ်၊ (၂.၅)ကီလိုဂရမ် (၁)ထုပ်၊ (၃)ကီလိုဂရမ် (၁)ထုပ်၊ စုစုပေါင်း (၂၀)ထုပ်၊ ကာလတန်ဖိုး ကျပ်(၁၉၂)သိန်းခန့်နှင့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂၁,၈၀၀)ပြား၊ကာလတန်ဖိုး ကျပ် (၆၅၄)သိန်းခန့်။
( ဂ ) ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်တွင် အမဲရောင်ဘိန်းဆီခဲ အလေးချိန် (၅၀၃.၅) ဂရမ်၊ ကာလတန်ဖိုး (၃၂၇,၂၇၅)ကျပ်ခန့်။
( ဃ ) ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်တွင် ဘိန်းစိမ်း (၁.၅)ကီလိုဂရမ် (၅၃)ထုပ်၊ အလေးချိန် (၇၉.၅)ကီလိုဂရမ်၊ ကာလတန်ဖိုး (၅၁,၆၇၅,၀၀၀)ကျပ်ခန့်။
( င ) ၎င်းအပြင် မိုင်းတုံနယ်မြေနှင့် မိုင်းပန်နယ်မြေ ဆက်စပ်နယ်မြေများသည် အညိုရောင် နယ်မြေအချို့ရှိပြီး အချိန်မရွေး အနက်ရောင်နယ်မြေအဖြစ်သို့ ပြောင်းလဲ သွားနိုင်ခြင်းကြောင့် ထိုသို့ မဖြစ်စေရန်မှာလည်း လုံခြုံရေးကို အဓိကဦးစားပေး ဆောင်ရွက်ရလျက်ရှိရာ လုံခြုံရေး ပေါ့ဆမှုကြောင့် ဆက်သွယ်မှု ပြတ်တောက်ခြင်း ဖြစ်စေမှုကို လျစ်လျူရှု၍ မရသည့် အခြေအနေဖြစ်ပါတယ်။
၄။ သို့ဖြစ်ပါ၍ မူလသတ်မှတ်ချိန်အတွင်းသာ ဖြတ်သန်းသွားလာခြင်းသည် အကောင်းဆုံး အခြေအနေဖြစ်ပါကြောင်း ရှင်းလင်းတင်ပြ အပ်ပါတယ်။
၅။ အားလုံးကို ကျေးဇူးတင်ပါတယ်။
