၂။ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ မြေနေရာသည် အမှတ်(၃၆၈) အမြောက် တပ်ရင်း၏ တပ်ပိုင်မြေအတွင်း ပါဝင်ခြင်းမရှိဘဲ တပ်ပိုင်မြေနှင့် ဆက်စပ်လျက်ရှိသည့် မြန်မာ့လေကြောင်းဦးစီးဌာနပိုင် လေယာဉ်ကွင်းမြေဖြစ်ပြီး လက်ရှိလေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်း တည်ဆောက်ထားသော မြေနေရာဖြစ်ကြောင်း စိစစ်တွေ့ရှိ ရပါတယ်။
၃။ အမှတ်(၃၆၈)အမြောက်တပ်ရင်း၏ တပ်ပိုင်မြေအဖြစ် လယ်မြေဧရိယာ(၉၆.၀၇)ဧက၊ ယာမြေဧရိယာ (၂၂၄)ဧကနှင့် မြေလွတ်မြေလပ်(၁၉၄.၇၈)ဧက၊ စုစုပေါင်း မြေဧရိယာ (၅၁၄.၈၅)ဧက ရှိပြီး မြေလွတ်မြေလပ်ဧရိယာ (၁၉၄.၇၈)ဧကအား ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၅)ရက်စွဲပါ စာအမှတ်၊ ၃၀၀/၁-၅/ ဦး ၁ ဖြင့် လည်းကောင်း၊ လယ်မြေ ဧရိယာ (၉၆.၀၇)ဧကနှင့် ယာမြေ ဧရိယာ (၂၂၄)ဧက၊ စုစုပေါင်း (၃၂၀.၀၇) ဧကအား ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၀ ပြည့်နှစ်၊ မတ်လ(၉) ရက်စွဲပါ စာအမှတ်၊ ၃၀၀/၁-၄/ ဦး ၁ ဖြင့် လည်းကောင်း မြေသိမ်းဆည်းရေး အမိန့်များ ရရှိပြီးဖြစ်ကြောင်းနှင့် အဆိုပါ ဦးပိုင်ပေါက် မြေဧရိယာ(၃၂၀.၀၇) ဧက သိမ်းဆည်းခြင်းအတွက် မြေတန်ဖိုး လျော်ကြေး ငွေများအား သက်ဆိုင်ရာ တောင်သူ (၉၉)ဦး ထံသို့ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်တွင် ပေးလျော်ပြီးဖြစ်ပါတယ်။
၄။ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ တောင်သူ(၁၀၁)ဦး၏ လယ်ယာမြေ ဧရိယာ (၂၈၇.၇၂)ဧကသည် မြန်မာ့လေကြောင်းဦးစီးဌာနပိုင် လေယာဉ်ကွင်းမြေနေရာ ဖြစ်ပြီး လက်ရှိလေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်း တည်ဆောက်ထားကြောင်းနှင့် လယ်ယာမြေ (၂၈၇.၇၂)ဧကအတွက် မြေတန်ဖိုး လျော်ကြေးငွေများ ပေးလျော်နိုင်ရေး မြန်မာ့ လေကြောင်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
၅။ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး ဆောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင် ၏ မေးခွန်းပါမြေနေရာသည် အမှတ်(၃၆၈) အမြောက်တပ်ရင်း တပ်ပိုင်မြေ ဧရိယာ (၅၁၄.၈၅)ဧကအတွင်း ပါဝင်ခြင်းမရှိသဖြင့် တပ်နှင့်သက်ဆိုင်ခြင်း မရှိပါကြောင်းနှင့် မြန်မာ့လေကြောင်းဦးစီးဌာနပိုင် လေယာဉ်ကွင်း မြေဖြစ်ပြီး လက်ရှိလေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်း တည်ဆောက်ထားခြင်းများကြောင့် မြေတန်ဖိုး လျော်ကြေးငွေများ ရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့်သာ ဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်။
၆။ အားလုံးကို ကျေးဇူးတင်ပါတယ်။
