၂။ ၂၀၁၈ခုနှစ်၊ မတ်လနှင့် ဧပြီလများအတွင်း ဖြစ်ပေါ်ခဲ့သော သဘာ၀ဘေးဒဏ် (လေပြင်းတိုက်၊ မိုးသည်းထန်စွာရွာသွန်းမှု)ကြောင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ကွပ်ကဲမှုအောက်ရှိတပ်ရင်း/တပ်ဖွဲ့(၃၀)တပ်တွင် အဆောက်အဦ (၁၂၄)လုံးနှင့် ဆက်စပ်လုပ်ငန်း(၃၀)ခု ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါတယ်။ ပျက်စီးမှုအသေးစိတ် အနေဖြင့် တင်ပြပါအတိုင်းဖြစ်ပါတယ်။
(က ) နေပြည်တော်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့(၇)တပ်တွင် အဆောက်အဦ (၁၄)လုံး၊ ဆက်စပ်လုပ်ငန်း (၁၄)ခု။
( ခ ) အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ (၃)တပ်တွင် အဆောက်အဦ(၄)လုံး၊ ဆက်စပ်လုပ်ငန်း (၁)ခု။
( ဂ ) တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ (၂)တပ်တွင် အဆောက်အဦ (၃၁)လုံး၊ ဆက်စပ်လုပ်ငန်း (၄)ခု။
(ဃ ) ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း(၁)တပ်တွင် ဆက်စပ် လုပ်ငန်း(၁)ခု။
( င ) ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိတပ်ရင်း(၁)တပ်တွင် အဆောက်အဦ(၁)လုံး။
( စ ) အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့(၁၀)တပ်တွင် အဆောက်အဦ (၅၀)လုံး၊ ဆက်စပ်လုပ်ငန်း (၈)ခု။
( ဆ) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့(၂)တပ်တွင် အဆောက် အဦ(၂၀)လုံး၊ ဆက်စပ်လုပ်ငန်း(၁)ခု။
( ဇ ) တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း(၁)တပ်တွင် ဆက်စပ်လုပ်ငန်း (၁)ခု။
( ဈ ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း(၁)တပ်တွင် အဆောက် အဦ(၂)လုံး။
( ည) ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း(၁)တပ်တွင် အဆောက် အဦ(၁)လုံး။
( ဋ ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း(၁)တပ်တွင် အဆောက် အဦ(၁)လုံး၊ စုစုပေါင်းအနေဖြင့် တပ်ရင်း/တပ်ဖွဲ့(၃၀)တပ်တွင် အဆောက်အဦ(၁၂၄) လုံးနှင့် ဆက်စပ်လုပ်ငန်း(၃၀)ခု ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
၃။ သဘာ၀ဘေးဒဏ်ကြောင့်ပျက်စီးမှုများအား စစ်ဆေးရေးဘုတ်အဖွဲ့များဖြင့် စနစ်တကျ စစ်ဆေးခဲ့ပြီးပျက်စီးမှုများ ပြန်လည်ပြုပြင်ရန်အတွက် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးနှင့် စစ်ထောက်ချုပ်ရုံးတို့မှ အသေးစိတ်စိစစ်တွက်ချက်တင်ပြစေခဲ့ရာ ခန့်မှန်းကျပ်(၃၁၈.၀၆၆)သန်း ကုန်ကျမည်ဖြစ်ပါတယ်။ ပျက်စီးမှုများနှင့် ပြုပြင်ပြီးစီးမှုမှတ်တမ်းဓာတ်ပုံများကို ကောက်နှုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။
၄။ အဆိုပါသဘာ၀ဘေးဒဏ်ကြောင့် ပျက်စီးမှုများသည် ကြိုတင်မသိမြင်နိုင်သော ရုတ်တရက် ဖြစ်ပေါ်ခဲ့သည့် သဘာ၀ဘေးဒဏ်အမျိုးအစားဖြစ်သောကြောင့် ဘဏ္ဍာငွေလျာထားချက် မရှိသဖြင့် ပျက်စီးမှုများ ပြန်လည်ပြုပြင်ရန်အတွက် ကျပ်(၃၁၈.၀၆၆)သန်းအား အရေးပေါ် ရန်ပုံငွေမှကျခံသုံးစွဲခွင့်ရရှိရေး တင်ပြဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် (သောကြာနေ့)တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၈) အရ သဘောတူပြီးဖြစ်သဖြင့် ၂၀၁၉ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့်ခွဲဝေသုံးစွဲမည့်ကျပ်သန်း(၃၁၈.၀၆၆)အား ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်အတည်ပြုပေးနိုင်ပါရန်တင်ပြအပ်ပါတယ်။
၅။ အားလုံးကိုကျေးဇူးတင်ပါသည်။
