( က ) မြောက်ပိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့(၇၄) တပ် တွင်အဆောက်အဦ(၂၄၂)လုံး၊ မီး/ရေ/မိလ္လာ ဆက်စပ်လုပ်ငန်း(၁၈၈)ခု ပေါင်း(၄၃၀)ခု။
( ခ ) အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ (၄၄)တပ်တွင် အဆောက်အဦ(၁၀၄)လုံး၊ မီး/ရေ/မိလ္လာဆက်စပ် လုပ်ငန်း(၈)ခု ပေါင်း(၁၁၂)ခု။
( ဂ ) အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့(၆၆)တပ်တွင် အဆောက်အဦ(၂၁၃)လုံး၊ မီး/ရေ/မိလ္လာ ဆက်စပ်လုပ်ငန်း(၆၀)ခု ပေါင်း(၂၇၃)ခု။
( ဃ ) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ (၇၉)တပ် တွင်အဆောက်အဦ(၃၆၆)လုံး၊ မီး/ရေ/မိလ္လာ ဆက်စပ် လုပ်ငန်း(၁၆၇)ခု ပေါင်း(၅၃၃)ခု။
( င ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့(၁၆)တပ် တွင်အဆောက်အဦ(၁၂၀)လုံး၊ မီး/ ရေ/ မိလ္လာ ဆက်စပ်လုပ်ငန်း(၁)ခု ပေါင်း(၁၂၁)ခု။
( စ ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့(၂၀)တပ် တွင်အဆောက်အဦ(၅၉)လုံး၊ မီး/ရေ/မိလ္လာဆက်စပ် လုပ်ငန်း(၁၆)ခု ပေါင်း(၇၅)ခု။
(ဆ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့(၂၂)တပ် တွင်အဆောက်အဦ(၅၅)လုံး၊ မီး/ရေ/မိလ္လာဆက်စပ် လုပ်ငန်း(၂၀)ခု ပေါင်း(၇၅)ခု ပျက်စီးခဲ့ပြီး စုစုပေါင်းအနေဖြင့် တပ်ရင်း/တပ်ဖွဲ့(၃၂၁)ဖွဲ့တွင် အဆောက်အဦ(၁၁၅၉)လုံးနှင့် မီး/ရေ/ မိလ္လာ ဆက်စပ်လုပ်ငန်း(၄၆၀)ခု ပေါင်း(၁၆၁၉)ခု ပျက်စီးဆုံးရှုံး ခဲ့ပါသည်။
၂။ သဘာ၀ဘေးဒဏ်ကြောင့် ပျက်စီးမှုများအား စစ်ဆေးရေး ဘုတ်အဖွဲ့များဖြင့် မြေပြင်ကွင်းဆင်း၍ စနစ်တကျစစ်ဆေးခဲ့ပြီး ပျက်စီးမှုများ ပြန်လည်ပြုပြင်ရန်အတွက် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး နှင့် စစ်ထောက်ချုပ်ရုံးတို့မှ အသေးစိတ်စိစစ်ခဲ့ရာ ခန့်မှန်းကျပ်(၃၁၀၄.၅၂၄)သန်း ကုန်ကျမည် ဖြစ်ပါသည်။ သုံးစွဲရန်လျာထားသည့် ကုန်ကျငွေအသေးစိတ်မှာ -
( က ) မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပျက်စီးမှုများအား ပြန်လည် ပြုပြင်ရန် ကုန်ကျငွေမှာ ကျပ်(၁၄၂၆.၂၅၇)သန်း။
( ခ ) အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ပျက်စီးမှုများအား ပြန်လည် ပြုပြင်ရန် ကုန်ကျငွေမှာ ကျပ်(၁၉၉.၂၉၂)သန်း။
( ဂ ) အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ပျက်စီးမှုများအား ပြန်လည် ပြုပြင်ရန် ကုန်ကျငွေမှာ ကျပ်(၄၆၅.၃၆၁)သန်း။
( ဃ) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပျက်စီးမှုများအား ပြန်လည် ပြုပြင်ရန် ကုန်ကျငွေမှာ ကျပ်(၆၈၁.၁၅၂)သန်း။
( င ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)တွင် ပျက်စီးမှုများအား ပြန်လည်ပြုပြင်ရန် ကုန်ကျငွေမှာ ကျပ်(၁၉၆.၈၆၉)သန်း။
( စ ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)တွင် ပျက်စီးမှုများအား ပြန်လည် ပြုပြင်ရန် ကုန်ကျငွေမှာ ကျပ်(၃၂.၅၀၅)သန်း။
( ဆ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)တွင် ပျက်စီးမှုများအား ပြန်လည် ပြုပြင်ရန် ကုန်ကျငွေမှာ ကျပ်(၁၀၃.၀၈၆)သန်း နှင့် စုစုပေါင်း ကျပ်(၃၁၀၄.၅၂၄)သန်းတို့ဖြစ်ကြပါသည်။
၃။ အဆိုပါသဘာ၀ဘေးဒဏ်ကြောင့် ပျက်စီးမှုများသည် ကြိုတင်မသိ မြင်နိုင်သောရုတ်တရက်ဖြစ်ပေါ်ခဲ့သည့် သဘာ၀ဘေးဒဏ်အမျိုးအစား ဖြစ်သော ကြောင့် ဘဏ္ဍာငွေလျာထားချက်မရှိသဖြင့် ပျက်စီးမှုများ ပြန်လည်ပြုပြင်ရန် အတွက် ကျပ်(၃၁၀၄.၅၂၄)သန်းအား သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခွင့်ရရှိရေး တင်ပြဆောင်ရွက်ခဲ့ပြီး ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၄)ရက် (ကြာသပတေး)နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ်(၉/၂၀၁၆)အရ သဘောတူပြီးဖြစ်သဖြင့် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ခွဲဝေသုံးစွဲမည့် ကျပ်(၃၁၀၄.၅၂၄)သန်းအား ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုနိုင်ပါရန် တင်ပြအပ်ပါသည်။
၄။ အားလုံးကိုကျေးဇူးတင်ပါသည်။
