၂။ အမှတ်(၅၁၅)ခြေမြန်တပ်ရင်း၏ တပ်ပိုင်မြေ ၈၃၃.၇၅ ဧကသည် မြေလွတ်၊ မြေလပ် အမျိုးအစားဖြစ်ပြီး တပ်ပိုင်မြေအဖြစ် အသုံးပြုရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၄ ခုနှစ်၊ ဇွန်လ ၉ ရက်စွဲပါ စာအမှတ်၊ ၁၂/၁၃/အခ(၄)ဖြင့် မြေပေးမိန့်များ ရရှိခဲ့ပြီး ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းတွင်ပါရှိသော လမ်းနယ်မြေသည် အမှတ် (၅၁၅)ခြေမြန်တပ်ရင်း၏ တပ်ပိုင်မြေ ၈၃၃.၇၅ ဧကအတွင်း ပါဝင်ပြီး လဲချားမှ ဟိုနား/ဝမ်ဖိုင် ကျေးရွာအုပ်စုသို့ သွားသော မြေသားလမ်းသည် အကျယ် ၁၀ ပေ၊ အရှည် ၆၅၀၈ ပေ၊ မြေဧရိယာ ၁.၅ ဧကအပါ လမ်းမြေဧရိယာ ၁၄၀ ဧကနှင့် လဲချားမှ ဝမ်ယိမ်းကျေးရွာ အုပ်စုသို့ သွားသော ကျောက်ချောလမ်းသည် အကျယ် ၁၄ ပေ၊ အရှည် ၄၉၈၀ ပေ၊ မြေဧရိယာ ၁.၆ ဧကအပါ လမ်းမြေဧရိယာ ၄၄ ဧက၊ စုစုပေါင်း ၁၈၄ ဧက ပါဝင်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
၃။ အဆိုပါ လမ်းနယ်မြေများအား ကျေးလက်နေဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စရပ်များ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ပုံမှန် ဆက်သွယ် သွားလာလျက်ရှိပြီး ယခင်အစဉ်အဆက်မှ ယနေ့အချိန်အထိ ဖြတ်သန်း သွားလာခွင့် ပြုပေးထားကြောင်း စိစစ်တွေ့ရှိရပါတယ်။သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းတွင်ပါရှိသော လမ်းနယ်မြေ များသည် ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့်များ ရရှိပြီးဖြစ်ခြင်း၊ ကျေးလက်နေ ပြည်သူများအား ယခင်အစဉ်အဆက်မှ ယနေ့အချိန်အထိ ဖြတ်သန်းသွားလာ ခွင့်ပြုထားခြင်းနှင့် တပ်ရင်းဌာနချုပ်၏ လုံခြုံရေး အခြေအနေများအရ ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းတင်ပြ အပ်ပါတယ်။
၄။ အားလုံးကို ကျေးဇူးတင်ပါတယ်။
