လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ မြေနေရာသည်အမှတ်(၃၇၈)ခြေမြန်တပ်ရင်းနှင့် (၇)မိုင်ခန့်ကွာဝေးပြီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မောင်သာကုန်းကျေးရွာ အနီးရှိ အမှတ်(၃၇၈)ခြေမြန်တပ်ရင်းအမည်ဖြင့် လန-၃၉ ခွင့်ပြုမိန့်ရရှိခဲ့ပြီးဖြစ်သည့် တပ်ဧရိယာ ပြင်ပစိုက်ပျိုးမြေ (၆၃.၀၉)ဧကအတွင်း ပါဝင်ကြောင်း၊ မြေသိမ်းဆည်းရေး ဆောင်ရွက် စဉ်က ဦးပိုင်ပေါက် တောင်သူအမည်စာရင်းမပါရှိခြင်း၊ အခိုင်အမာအဆောက်အဦများနှင့် စပါး၊ နှစ်ရှည်သီးနှံပင် စိုက်ပျိုးထားရှိမှုများမရှိခြင်းတို့ကြောင့် လျော်ကြေးငွေပေးချေရန် မလိုကြောင်း မြောက်ဦးမြို့နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ထောက်ခံချက် အထောက်အထား များအား စိစစ်တွေ့ရှိရပါတယ်။
- အဆိုပါ တပ်ပြင်ပလယ်မြေ (၆၃.၀၉)ဧကအနက် လယ်မြေ (၃၁.၉၅)ဧကအား ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အထိ အသနားခံတင်ပြသူ တောင်သူ (၆)ဦးကို အခမဲ့ လုပ်ကိုင် ခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် အဆိုပါလယ်မြေ (၆၃.၀၉)ဧကအား တပ်မိသားစု သက်သာ ချောင်ချိရေးအတွက် တပ်ရင်းမှ ကိုယ်တိုင်စပါးစိုက်ပျိုး လုပ်ကိုင်လျက် ရှိကြောင်း စိစစ် တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းပါ မြေနေရာသည် အမှတ်(၃၇၈) ခြေမြန်တပ်ရင်းအမည်ဖြင့် လန-၃၉ ခွင့်ပြုမိန့်ရရှိခဲ့ပြီးဖြစ်သည့် တပ်ဧရိယာပြင်ပ စိုက်ပျိုးမြေ (၆၃.၀၉)ဧကအတွင်း ပါဝင်လျက်ရှိပြီးလက်ရှိတွင်လည်း တပ်မှကိုယ်တိုင် စပါးစိုက်ပျိုးလုပ်ကိုင် လျက်ရှိသည့် စိုက်ပျိုးမြေဖြစ်ခြင်းကြောင့် ပြန်လည်စွန့်လွှတ် ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်။
- အားလုံးကို ကျေးဇူးတင်ပါတယ်။
