၂။ အမ်းမြို့နယ်အတွင်း၌ တပ်ရင်း/တပ်ဖွဲ့(၁၆)ခုရှိပြီး တပ်ပိုင်မြေအဖြစ် မြေဧရိယာ (၃၂၇၈.၅၄)ဧက၊ တပ်ဧရိယာပြင်ပ စိုက်ပျိုး/မွေးမြူရေးမြေ(၃၈၃၅.၂၇၅)ဧက၊ စုစုပေါင်း (၇၁၁၃.၈၁၅)ဧကအား လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းထားခြင်း ဖြစ်ပါတယ်။တပ်ရင်း/တပ်ဖွဲ့များမှ သိမ်းဆည်းထားသည့် တပ်ပိုင်မြေများမှာ တပ်၏ အရွယ်အစားနှင့် ကိုက်ညှိပြီး မဖြစ်မနေလိုအပ်သော အနည်းဆုံးမြေဧရိယာကိုသာ သိမ်းဆည်းထားခြင်းဖြစ်ပါကြောင်းနှင့် လုံခြုံရေးနှင့်လေ့ကျင့်ရေးအတွက် သိမ်းဆည်း ထားသောမြေများတွင်ပါရှိသည့် လယ်မြေများတွင် တပ်မိသားစုအတွက် တပ်ရင်း/ တပ်ဖွဲ့များမှ ကိုယ်တိုင် စပါးစိုက်ပျိုး လုပ်ကိုင်လျက်ရှိပါတယ်။
၃။ စိုက်ပျိုး/မွေးမြူရေးအတွက် ရယူထားသည့် တပ်ဧရိယာပြင်ပမြေ (၃၈၃၅.၂၇၅) ဧက အနက် တပ်မှ လုပ်ကိုင်နိုင်ခြင်းမရှိသော မြေဧရိယာ(၁၉၂၁.၉၂)ဧကအား ပြည်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်သို့ ပြန်လည် စွန့်လွှတ်အပ်နှံပေးပြီး ဖြစ်ပါတယ်။ ကျန်ရှိသောမြေများတွင် တပ်ရင်းမှ လူအင်အား၊ ရင်းနှီးမတည်ငွေများ စိုက်ထုတ်၍ ရာဘာစိုက်ပျိုးခြင်း၊ ပုစွန်မွေးမြူခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါတယ်။
၄။ သို့ဖြစ်ပါ၍ အမ်းမြို့နယ်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များ၏ တပ်ပိုင်မြေများအတွက် အနည်းဆုံး မြေဧရိယာကိုသာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းထားခြင်း၊ တပ်ဧရိယာပြင်ပ စိုက်ပျိုး/မွေးမြူရေးအတွက် သိမ်းဆည်းထားသော မြေဧရိယာများထဲမှ (၁၉၂၁.၉၂)ဧကအား ပြန်လည်စွန့်လွှတ် ပေးထားပြီးဖြစ်ခြင်း၊ ကျန်ရှိသောမြေများတွင် တပ်ရင်း/တပ်ဖွဲ့များမှ လူအင်အား၊ ရင်းနှီးမတည်ငွေများ စိုက်ထုတ်၍ ရာဘာစိုက်ပျိုးခြင်း၊ ပုစွန်မွေးမြူခြင်းများ ဆောင်ရွက်လျက်ရှိပြီး အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကိုသာ လုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့ခြင်းများကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် လျော်ကြေး ငွေများ ပေးချေနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။
၅။ အားလုံးကို ကျေးဇူးတင်ပါတယ်။
