JM Free Ebooks - шаблон joomla Форекс

ရေဝင်ရောက်မှုဖြစ်ပေါ် ခဲ့သည့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များ အတွင်းမှ ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်

Rate this item
(11 votes)

နေပြည်တော် ၊ ဇူလိုင် - ၁၂

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကြက်ပေါင်ခြံရပ်ကွက်နှင့် မြို့သစ်ကြီး ရပ်ကွက်များ အတွင်းသို့ မြစ်ရေများဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ရာ အိမ်ထောင်စု ၆၀ စု၊ လူဦးရေ ၂၀၄ ဦးတို့သည် မြို့ပေါ်ရှိ ရေကင်းလွတ်ရာ နေရာများသို့ ခေတ္တပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။

အဆိုပါ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများအား ယနေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Read 4411 times Last modified on Thursday, 16 July 2020 07:58