မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်  ဩဂုတ်  ၂

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်း အမှတ်   အရုဏ်ဆွမ်းနှင့်   ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ မဟာဇေယျသုခဓမ္မာရုံ၌ပြုလုပ်ရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊  ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာ တော်များကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် အဖွဲ့ဝင်များ၊  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။  ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ (၅၄)နှစ်မြောက် တိုင်းနှစ် ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ်  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ကံစမ်းမဲဖောက်ပေးခြင်း၊ မိသားစုပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် စစ်ရေးစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးသည်။ 

ယင်းနောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲကို တိုင်းစစ်ဌာန ချုပ်ရှိ  ဗလမင်းထင်ခန်းမ၌  ပြုလုပ်ရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက်  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား  သင်တန်းများတွင် ထူးချွန်ဆုရရှိသူများ၊ စစ်ရေးစွမ်းရည်ပြိုင်ပွဲ ဆုရရှိကြသူများ၊ အိမ်ထောင်သည်လိုင်း စိုက်ပျိုး/မွေးမြူရေးနှင့်   သန့်ရှင်းရေး အကောင်းဆုံးဆုရရှိကြသူများ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။