တပ်မတော်စစ်ကြောင်းများက ထန်တလန်မြို့နှင့်ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်စစ်ကြောင်းများက ထန်တလန်မြို့နှင့်ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်   ဇူလိုင်  ၁၆

နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ  မြို့ပြနှင့်ကျေးလက်ဒေသများ တည်ငြိမ်အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဘဏ္ဍာငွေများနှင့် အရင်းအမြစ်များစွာသုံးစွဲကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ရာတွင် CNF၊ CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ချင်းပြည်နယ်အတွင်းရှိ မြို့၊ ရွာများ၌ အစိုးရ၏အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန်နှင့် ၎င်းတို့စိတ်တိုင်းကျအုပ်ချုပ်နိုင်ရန်ရည်ရွယ်၍ဒေသကောင်းစားရေးဟု မက်လုံးများပေးကာ ဒေသခံပြည်သူများက ၎င်းတို့အပေါ်ထောက်ခံအားပေးလာစေရန် လုပ်ဆောင်ခဲ့ကြသော်လည်း အမှန်တကယ်တွင် မြို့၊ရွာများ၌ တိုက်ပွဲများဖော်ဆောင်ခဲ့သောကြောင့်  ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်သေကျေပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ရပြီး ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ်များကို စွန့်ခွာ၍ ယာယီနေရပ်စွန့်ခွာနေထိုင်ခဲ့ကြရကာ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး စသည့်လူမှုစီးပွားဘဝများလည်း  အဘက်ဘက်မှ  နိမ့်ကျဆုံးရှုံးခဲ့ရသည်။       

ထို့ပြင် NUG, CRPH အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံများဖြစ်သည့် CNF, CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည်ချင်းပြည်နယ်၊  ထန်တလန်မြို့အား အစိုးရအုပ်ချုပ်မှုယန္တရားများ  ရပ်တန့်စေရန်အတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ထန်တလန်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သာလွန်အင်အားများ၊ လက်နက်ကြီးများကို အဆမတန်အသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးဌာနများ၊ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ လူနေအဆောက်အအုံများကို အကာအကွယ် ရယူကာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်ကိုပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ကြံ့ကြံ့ခံခုခံခဲ့ကြသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  ထိခိုက်ဒဏ်ရာရရှိမှုများ များပြားလာခြင်း၊ ခဲယမ်းများနည်းပါးလာခြင်း၊ ရာသီဥတုအခြေအနေ၊ နယ်မြေအခြေအနေနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်လာသည့်အတွက် ထန်တလန်မြို့မှ ခေတ္တဆုတ်ခွာပေးခဲ့သည်။